မိတ်ဆွေ….
သင် အိမ်မှာနေရတာ ငြီးငွေ့နေပြီလား❓❓❓❓
YRYEA အသင်းသူ/သားများအတွက် Work Life Balance မျှတမှူရှိစေရန်ရည်ရွယ်၍ အိမ်မှာနေရင်း ကိရိယာလွတ်လေ့ကျင့်နိုင်မယ့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းရေးလေ့ကျင့်ခန်းများနှင့်
စိတ်ဖိစီးမှူများကို လျော့ချပေးမယ့် YOGA for Stress Relief လေ့ကျင့်ခန်းများ( Live)များပါဝင်သော
YRYEA အသင်း၏ PR Committee မှ ထူးခြားဆန်းသစ်စွာ စီစဥ်ထားသော
“Thickness to Fitness ” အစီစဉ်လေး
မကြာမှီ YRYEA မှစတင်၍တင်ဆက်ပြသပေးတော့မှာ ဖြစ်ကြောင်းအသိပေးအပ်ပါတယ်ရှင်…
YRYEA Page လေးကို See First လုပ်ထားဖို့လည်း မမေ့နဲ့နော်….
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
#YOGA For Stress Relief
Covid19 ကာလဒီရက်ပိုင်းတွေမှာ အထွေထွေအကျပ်အတည်းနဲ့စိတ်ဖိစီးမှုတွေကြောင့် ကျွန်ုပ်တို့၏နှစ်ခြိုက်စွာအိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေလာနေပါတယ်
စိတ်ဖိစီးမှုတွေများလာရင် မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောနဲ့ ကြွက်သားတွေဟာတောင့်တင်းလာတတ်ပါတယ်။ အကယ်၍ကြွက်သားတွေဟာတင်းရင်းနေရင်စိတ်ကလဲ သူ့အလိုလို တင်းမာလာတတ်တယ်စိတ်တိုဒေါသထွက်လွယ်လာတတ်ပါတယ်။နှစ်ခြိုက်စွာအိပ်စက်ခြင်းမှာလဲ အခက်အခဲတွေဖြစ်စေလာတတ်ပါတယ်။
ကောင်းမွန်လုံလောက်တဲ့ အိပ်စက်ချိန်မရှိတာရယ်၊ အိပ်ရေးဝဝမအိပ်တာရယ်ဟာ တခြားသော ကျန်းမာရေးဆိုင်ရ ပြဿနာတွေအပြင် အရိုးအဆစ်တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရအိပ်ရေးဝဝမအိပ်တာဟာ ခန္ဓာကိုယ်မှာရှိတဲ့အရိုးအဆစ်အကြောတွေ နာကျင်ရောင်ရမ်းမှုဝေဒနာတွေကို ပိုမိုခံစား ရနိုင်တယ်လို့ ဆိုကြပါတယ်။
ယခုတပတ် တနင်္ဂနွေနေ့မှာတာ့ ဒီလို Stress များကို YRYEA အသင်းသူ/သားတွေနဲ့အတူ Online(Live)ဖြေလျော့လေ့ကျင့်ပေးမယ့်ဆရာမကတော့ မခိုင်ခန့်သွင်(Reality YOGA Studio)ပါ………
သူမဟာယောဂနဲ့ပတ်သက်ပြီး အတွေ့အကြုံ ၁၅ နှစ် ရှိပြီး ယောဂနည်းပြအဖြစ် ၃ နှစ်ကျော်လုပ်ကိုင်ခဲ့ပါတယ်။
-Rishikesh ရှိ World Peace YOGA School မှ International Yoga Teacher Training Certificate
-YTTC course အတွက် နာရီ 200
-Ying Yoga Teacher course အတွက် နာရီ 100
-Sound Healing Course အတွက် နာရီ 100 အစရှိသည်များကိုလည်း တက်ရောက်ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။
သူမဟာ Reality Yoga Studio ရဲ့တည်ထောင်သူတစ်ဦးဖြစ်ပြီး သူမရဲ့ Facebook Page မှာလည်း ယောဂအတွေ့အကြုံနှင့် ဗဟုသုတများကို ရေးသား မျှဝေလျက်ရှိပါသည်။ထို့အပြင် Yoga Workshops နှင့် Yoga Tours များကိုလည်း အခါအားလျော်စွာ အချိန်ပိုင်းဝင်ရောက် လုပ်ကိုင်လျက်ရှိနေပါတယ်…
မိတ်ဆွေ…
သင်လည်း တနင်္ဂနွေနေ့အားလပ်ရက်မှာ အချိန် ၁ နာရီလောက် ဆရာမ ခိုင်ခန့်သွင်နှင့်အတူ လိုက်ပါလေ့ကျင့်ကစားရင်း Covid ကာလကြီးကို စိတ်ဖိစီးမှုကင်းစွာဖြင့် ကျော်လွှားကြရအောင်
Let’s Workout Together……..
YRYEA Member များအတွက် Zoom Application တွင်အတူပါဝင်ဆွေးနွေးလေ့ကျင့်နိုင်ပြီး Non-Member များအတွက် YRYEA Facebook Live Stream တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းလေးပါးအပ်ပါသည်။
