Our Committees

YRYEA တွင် ကျွန်ုပ်တို့၏ အခြေခံယုံကြည်ချက်မှာ စွန့်ဦးတီထွင်မှုသည် ပျော်ရွှင်ဖွယ်၊ ပံ့ပိုး ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပြည့်ဝသော အသိုင်းအဝိုင်းတစ်ခုတွင် အထောက်အကူပြုစွာ ဖွံ့ဖြိုးတိုးတက်နိုင်သည်ဟု ယုံကြည်ပါသည်။ အဖွဲ့ဝင်များအကြား ဆက်ဆံရေးကို ခိုင်မာစေရန် နှင့် ချိတ်ဆက်မှုအခွင့်အလမ်းများ တိုးတက်စေရန်အတွက် ကျွန်ုပ်တို့သည် ဥက္ကဋ္ဌ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုဖြင့် စွမ်းအားပြည့် အသင်းငါးသင်းကို ဖွဲ့စည်းထားပါသည်။

ထိုအသင်းများမှာ Titan (ခရမ်းရောင်)Valkyries (အပြာရောင်)Griffins (အစိမ်းရောင်)Dragon (အနီရောင်) နှင့် Phoenix (အဝါရောင်) တို့ဖြစ်ပြီး ၎င်းတို့သည် ကျွန်ုပ်တို့အသင်း အစည်းအတွင်းရှိ သေးငယ်သော်လည်း စွမ်းအားပြည့်ဝသော အသိုင်းအဝိုင်းများဖြစ်သည်။ ၎င်း တို့၏ ရည်မှန်းချက်များမှာ ရိုးရှင်းသော်လည်း သက်ရောက်မှုရှိပါသည် –

ပျော်ရွှင်ဖွယ်၊ အပြန်အလှန်သက်ရောက်မှုရှိသော လှုပ်ရှားမှုများမှတစ်ဆင့် အဖွဲ့ဝင်များအကြား အဓိပ္ပါယ်ရှိသော မိတ်သဟာယများနှင့် ပတ်သက်မှုစိတ်ဓာတ်ကို မြှင့်တင်ရန်။

ပိုမိုအာရုံစိုက်နိုင်ပြီး ချဉ်းကပ်နိုင်သော ပတ်ဝန်းက`တွင် စီးပွားရေးအချက်အလက်များ ဖလှယ် ခြင်း၊ အသိပညာမျှဝေခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုများ ဖန်တီးရန်။

အသင်းအခြေပြု စိန်ခေါ်မှုများ၊ ပွဲများနှင့် စီမံချက်များမှတစ်ဆင့် အသင်းစိတ်ဓာတ်၊ ဖန်တီးနိုင် စွမ်းနှင့် ခေါင်းဆောင်မှုစွမ်းရည်ကို အားပေးရန်။

YRYEA အသင်းတွင်းရှိ စည်းလုံးညီညွတ်မှုကို အားကောင်းစေရန်နှင့် အဖွဲ့ဝင်များ၏ ကွဲပြားမှု နှင့် လူတစ်ဦးချင်းစီ၏ ထူးခြားမှုများကို ဂုဏ်ပြုရန်။

ဤအသင်းများသည် ပျော်ရွှင်မှုနှင့် ရည်ရွယ်ချက်များ ပေါင်းစည်းထားသော YRYEA ကွန်ရက် တစ်ခုကို တည်ဆောက်ရာတွင် အတူတကွ ပါဝင်ဆောင်ရွက်နေကြပါသည်။ ထို့အပြင် ချိတ်ဆက်မှုများမှ ပူးပေါင်းဆောင်ရွက်မှုများဆီသို့ ဦးတည်သွားစေပါသည်။

Our Committees
Our Committees
Our Committees
Our Committees
Our Committees