Welcome Message for YRYEA New Member
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့မှ အသင်းဝင်အဖြစ် ကြိုဆိုပါတယ်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းသည် ဗဟိုအသင်းချုပ်အနေဖြင့်ဖွဲ့စည်းတည်ထောင်ထားပြီး တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်းအသင်းခွဲများ ဖွဲ့စည်းထားပါသည်။ ရန်ကုန်တွင် လုပ်ငန်းတည်ထောင်ထားသည့် အသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) နှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) နှစ်ခုစလုံးတွင် Dual Member အဖြစ်ရရှိမည် ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်တွင် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များတစ်စုမှ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်အသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။
YRYEA အသင်း၏ Vision မှာ –
“TO BE LEADING, RECOGNIZED INSTITUTION FOR EMPOWERMENT OF YOUNG
ENTREPRENEURS IN MYANMAR”
YRYEA အသင်း၏ Vision များအကောင်အထည်ပေါ်စေရန် အောက်ပါရည်မှန်းချက်များမှာ အဓိကကျပါသည်။
- ပျိုးထောင်စလုပ်ငန်းငယ်များနှင့် တီထွင်ဆန်းသစ်စွန့်ဦးတီထွင်မှုများကို ဖြစ်မြောက်အောင်ပံ့ပိုးပေးနိုင်သည့် နိုင်ငံတကာအဆင့်မှီ စွန့်ဦးတီထွင်အသိုက်အဝန်းတစ်ခု မြန်မာနိုင်ငံတွင်ဖန်တီးနိုင်ရန်။
- စွန့်ဦးတီထွင်မှုကို အထောက်အကူဖြစ်စေသည့် စီးပွားရေးဝန်းကျင်တစ်ရပ်ပေါ်ပေါက်လာစေရန်အတွက် အသင်းအနေဖြင့် နိုင်ငံတော်အစိုးရကို အားပေးထောက်ပံ့ကူညီမှုကို အရှိန်အဟုန်တိုးမြှင့်နိုင်ရန်။
- ပြည်တွင်းပြည်ပလုပ်ငန်းများတွင် ယှဉ်ပြိုင်နိုင်သည့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုစုပျိူးထောင်ပေးရန်။
- မြန်မာနိုင်ငံရှိ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမှလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး အတွေးအခေါ်အကြံဉာဏ်များ ဖလှယ်နိုင်မည့် စင်္ကြန်တစ်ခုဖန်တီးပေးရန်။
- အားလုံးပါဝင်ပြီး ကောင်းမွန်သော စီးပွားကျင့်ဝတ်ရှိသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် အားပေးရန်။
- စွန့်ဦးတီထွင်မှုနှင့် ပတ်သတ်သော ယဉ်ကျေးမှုတစ်ခု လူမှုအသိုက်အဝိုင်းကြားတွင် ပိုမိုသိရှိစေရန်။
- ပညာရေးနှင့် ပတ်သက်သော အထောက်အပံ့ကောင်းများ ရရှိနိုင်ခြင်း။
- အသင်းမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် သီးသန့်ပြုလုပ်ထားသည့် သင်တန်းများတွင် ပါဝင်နိုင်ခြင်း။
- အသင်းနှင့် ချိတ်ဆက်ထားသည့် စီးပွားရေးလုပ်ငန်းများမှ Special Discount များရရှိနိုင်ခြင်း။
- အသင်းဝင်များအတွက်သာ သီးသန့်ပြုလုပ်ထားသည့် အထူးအစီအစဉ်များ (Member Privilege Program) တွင် ပါဝင်နိုင်ခြင်း။
- အသင်းမှပြုလုပ်သည့် လေ့လာရေးခရီးစဉ်များတွင် အသင်းဝင်အချင်းချင်း ပိုမိုရင်းနှီးမှုရရှိနိုင်ခြင်း။
- စွန့်ဦးတီထွင်မှုနှင့် ပတ်သတ်သော ယဉ်ကျေးမှုတစ်ခု လူမှုအသိုက်အဝိုင်းကြားတွင် ပိုမိုသိရှိစေရန်။
- အခြားတိုင်းပြည်များမှ ဖိတ်ကြားသည့် ပညာသင်ဆုများအတွက် လျှောက်ထားနိုင်ခြင်း။
- အသင်းမှပြုလုပ်သည့် (Networking Event) များတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်အသစ်များနှင့် တွေ့ဆုံနိုင်ခြင်။း
- အသင်းမှပုံမှန်ပြုလုပ်သည့် အစိုးရဌာနများ၊ မူဝါဒချမှတ်သူများ၊ အောင်မြင်သောလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စီးပွားရေးနှင့်ပတ်သက်သော ခေတ်ရေစီးကြောင်းကို လေ့လာနိုင်ခြင်း။
- အသင်း၏ ထင်ရှားအရေးပါသောပွဲများတွင် ပါဝင်နိုင်ခြင်း။
- အသင်းမှဖွဲ့စည်းထားသည့် ကော်မတီများတွင် ပါဝင်ကူညီခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးနိုင်ခြင်း။
- အခြားအကျိုးခံစားခွင့်ပေါင်းများစွာ ရရှိနိုင်မည့် အခွင့်အရေးများ ရှိပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအနေဖြင့် လူငယ်များအတွက် စွန့်ဦးတီထွင်မှုနှင့် ပတ်သက်သည့် အစီအစဉ်များကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိပါသည်။ အသင်းအနေဖြင့် ရှေ့လာမည့်ကာလများတွင် ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များမှာ –
- ASEAN Young Enrepreneurs Carnival (September, organize annually in ASEAN countries)
- Annual Myanmar Entrepreneurship Summit (November)
- Myanmar Entrepreneurship Week (November)
- Excursions to Regions (Including site visits,cultural exchange)
- Regular round table discussions
- Member day
- Entrepreneurship Training
ယနေ့ခေတ်တွင် လူသားအချင်းချင်းချိတ်ဆက်မှုသည် စီးပွားရေးလုပ်ငန်းများအတွက်များစွာ အကျိုးဖြစ်ထွန်းလျက်ရှိသည်။ YRYEA အသင်းအနေဖြင့် အသင်းဝင်များ၏ လိုအပ်ချက်များကို နားလည်သဘောပေါက်သည့်အတွက် အသင်းဝင်အချင်းချင်း ချိတ်ဆက်နိုင်မည့် စင်္ကြန်တစ်ခုကို စတင်အသုံးပြုနေပြီ ဖြစ်ပါသည်။ အဆိုပါစင်္ကြန်တွင် အသင်းဝင်များအနေဖြင့် မိမိစိတ်ဝင်စားသည့် လုပ်ငန်းအဖွဲ့များ၊ လုပ်ငန်းအချင်းချင်းချိတ်ဆက်မှုများ ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ YRYEA အနေဖြင့် Facebook မှ တီထွင်ထားသည့် Platform ဖြစ်သော (Workplace by facebook) ကို အသုံးပြုသွားမည်ဖြစ်ပါသည်။ Workplace by Facebook အသုံးပြုပုံနှင့် အသင်းဝင်များအတွက် Personal Access Key များကိုပါ ပူးတွဲထည့်သွင်းထားပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့၏ကိုယ်စား အသင်းဝင်အသစ်များကို ကြိုဆိုပါကြောင်းနှင့် YRYEA အသင်းကို အသင်းဝင်တို့၏ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ချိတ်ဆက်ရန် အသုံးပြုခြင်းဖြင့် ပျော်ရွှင်စေပြီး လုပ်ငန်းများ ပိုမိုအောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
လေးစားစွာဖြင့်
ဥက္ကဌ
သူရိန်အောင်
