Fun Dash Run Event 2019
ဆောင်းရဲ့မနက်ခင်းမှာ အသင်းသူ အသင်းသားတွေသာမက ပြင်ပမှ စိတ်ဝင်စားသူတွေပါ ဝင်ရောက် ကစားနိုင်သည့် မြန်မာနိုင်ငံ ၏ ပထမဆုံးသော Adventure run ဖြစ်သည့် Fun Dash Run ပြိုင်ပွဲ ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျိုက္ကဆံကွင်း၌ YRYEA မှ ဦးဆောင်ပြီး ကျင်းပခဲ့ပါသည်။ Dash Run ပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်မှာ အသင်းသူ အသင်းသားများသာမက ပြင်ပမှ လူငယ် လူရွယ်များအား အခက်အခဲများကို စုပေါင်း ကျော်လွှားနိုင်သည့် စိတ်ဓာတ်၊ အချင်းချင်း ရိုင်းပင်း ကူညီသည့် စိတ်ဓာတ်၊ ကျန်းမာရေးနှင့် ညီညွှတ်သော ကိုယ်လက် လှုပ်ရှား အားကစားမှုပြုသည့် Activities အစရှိသည့် အကျိုးကျေးဇူး များ ရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပွဲလေးတစ်ပွဲ ဖြစ်ပါသည်။
