ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ ရွေးကောက်ပွဲအခမ်းအနားနှင့် ဒုတိယအကြိမ်အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးအား အောက်ပါအစီအစဥ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အသင်းသားများစုံညီစွာတက်ရောက်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဥ်
(၁) ရွေးကောက်ပွဲအစီအစဉ် နံနက် (၉)နာရီမှ နေ့လည် (၁၂) နာရီအထိ
(၂) ဒုတိယအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးပွဲ နေ့လည်(၁)နာရီမှ နေ့လည်(၃)နာရီအထိ
(၃) 2024 YRYEA GALA Dinner ည(၆နာရီခွဲ) မှ ည(၉နာရီခွဲ) အထိ
အချိန် ။ ။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့ (တနင်္ဂနွေနေ့)
နေရာ ။ ။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၊ မင်္ဂလာခန်းမ
(၂၀၂၄-၂၀၂၇)အမှုဆောင်သက်တမ်းတွင် အမှုဆောင်အဖြစ်ပါဝင်ရန် အောက်တွင်ဖော်ပြထားသော button အားနှိပ်၍ form dowload လုပ်ပြီး အချက်အလက်များဖြည့်စွက်ပေးပါရန်နှင့် ၂၄.၁၀.၂၀၂၄ (ကြာသပတေးနေ့) ညနေ ၅နာရီ နောက်ဆုံးထား၍ YRYEA ရုံး/Email သို့ပေးပို့ပါရန် အသိပေးအပ်ပါသည်။
