“Let’s Fun Together !!!”
YRYEA Members တွေအတွက် မိသားစု သူငယ်ချင်းလေးတွေနဲ့ တူတူ “YRYEA Members’ Family Splash Day” လေးကို ပျော်ပျော်ပါးပါး Hangout လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်။
YRYEA မိသားစု “Members’ Family Splash Day” လေးမှာ သင်္ကြန် နဲ့ ပတ်သက်သော သင်္ကြန်စာများ အတူအစားအသောက်များစုံလင်စွာဝယ်စားနိုင်မယ့်အပြင် ကလေးလူကြီးအကုန် ပျော်ရွှင်စေဖို့အတွက် Face Painting၊ ရေကစား Games လေးတွေ နဲ့ တူတူ Zumba၊ DJ တွေ နဲ့ ရင်းရင်းနှီးနှီး ဆင်နွှဲကြမှာဖြစ်လို့ ကိုယ့်ရဲ့ မိသားစုသူငယ်ချင်းတွေနဲ့အတူ မပျက်မကွက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Members များအနေနဲ့ Booth လေးတွေ ပါဝင်ရောင်းချချင်တယ်ဆိုရင် Special Flash Sale အနေနဲ့ Booth အခု (၂၀) အတွက် ၃၅,၀၀၀/- ကျပ် နဲ့ ရောင်းချပေးမှာ ဖြစ်လို့အသင်းရုံးကို အမြန်ဆက်သွယ် ပေးကြ ဖို့လည်း လိုတယ်နော်။
ယခု ပွဲလေးကို UAB ဘဏ် မှ အဓိက ကူညီပံ့ပိုးပေးထားပြီး ပွဲအတွင်း Cashless system ဖြင့် (UAB Pay) ကို အသုံးပြု၍ ငွေပေးချေရမှာဖြစ်တဲ့အတွက် မိမိတို့ ဖုန်းထဲမှာ UAB pay Application ကို Download လုပ်ထားဖို့ကိုလည်း မမေ့နဲ့နော်လို့..
YRYEA အသင်းဝင်တစ်ယောက်လျှင် မိမိတို့မိသားစုမိတ်ဆွေသူငယ်ချင်း (၃) ယောက်အထိ အခမဲ့ ခေါ်ဆောင်လာခွင့်လည်း ပေးထားပြီး ညနေ ၄ နာရီမှ ၅ နာရီ အထိ Yangon Waterboom အတွင်း အခမဲ့ စိတ်ကြိုက်ရေကစားခွင့်လည်း ရမှာဆိုတော့ သားသားမီးမီးနှင့် ဖေဖေမေမေ တို့အတူတကွ အတာကူးတဲ့နှစ်ကူးတန်ခူးလရာသီကို ရန်ကုန်တိုင်း ဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ အသင်းသူ/သား ညီအစ်ကိုမောင်နှများ အားလုံးနှင့်အတူပျော်ရွှင်စွာ ကြိုဆိုကြရအောင် လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါရစေ..
YRYEA ညီအကိုမောင်နှမများ
