YRYEA
U Aung Chit Khin
Johnathan
U Wai Yan Min Naing
Daw Thiri Swe
Dr. Nway Nu Wai
Shine Htet Zaw

✨️ ၂၀၂၆ ခုနှစ်ရဲ့ 𝐘𝐑𝐘𝐄𝐀 လူငယ်စကားဝိုင်း ✨️

▪️ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝐘𝐑𝐘𝐄𝐀) မှ ကြီးမှူး၍ လူငယ်များအတွက် အတွေ့အကြုံကောင်းများ၊ အခက်အခဲများကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် နည်းလမ်းကောင်းများနှင့် အတွေးအမြင်များကို မျှဝေဆွေးနွေးပေးမည့် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 လူငယ်စကားဝိုင်းလေးကိုမကြာခင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

▪️နယ်ပယ်အသီးသီးမှ ထင်ရှားအောင်မြင်နေကြသော လုပ်ငန်းရှင်များနှင့်အတူ လူငယ်စကားဝိုင်းကို ပိုမိုစည်ကားစေရန်အတွက် Professional MC တစ်ဦးဖြစ်သောအစီအစဉ်မှူး ရှိုင်းထက်ဇော်မှ MC အဖြစ်တာဝန်ယူဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။

▪️များစွာသော ရုပ်သံ/အွန်လိုင်း အစီအစဉ် တင်ဆက်မှုများ၊ မင်္ဂလာဆောင်များ၊ ကုမ္ပဏီ/လုပ်ငန်းခွင်ဆိုင်ရာ အခန်းအနားများ၊ တေးဂီတဖျော်ဖြေပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ဦးစီးကျင်းပပေးလျက်ရှိပြီး၊ တက်ရောက်လာသူပရိသတ်များနှင့် ပွဲရှင်များအတွက် မမေ့နိုင်စရာ တန်ဖိုးရှိသော အတွေ့အကြုံများကို ဖန်တီးပေးနေသူဖြစ်ပါတယ်။ ပြောဆိုဆက်ဆံရေးကျွမ်းကျင်မှု၊ တက်ကြွလှုပ်ရှားသော အသံစွမ်းအား၊ ဖန်တီးမှုစွမ်းရည်နှင့် ပွဲလမ်းသဘင် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများကို ပေါင်းစပ်အသုံးပြုပြီး ပွဲတိုင်းကို ပိုမိုထူးခြားဆန်းသစ်စေရန် ဆောင်ရွက်ပေးလျက်ရှိသူတစ်ဦးဖြစ်ပါတယ်။

👇Register လုပ်ရန်အတွက် 👇
https://forms.gle/KGBJbXRT8zSAkAS86

📌နေ့ရက် – ၁၅.၈.၂၀၂၆
📌 အချိန် – ၁:၀၀ နာရီမှ ၅:၀၀ နာရီထိ
📌 နေရာ – အမျိုးသားကဇာတ်ရုံ

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 – 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 info@yryea.org.mm